
OnePlus က တရုတ်မှာ တန်ဖိုးနည်း တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ OnePlus Pad (2024) လို့ နာမည်ပေးထားပြီး အစိမ်းရောင် ထုတ်လုပ်ထားပါတယ်။
တက်ဘလက်မှာ 11.6” LCD Display တပ်ဆင်ထားပြီး MediaTek Dimensity 8350 Chipset ပါပါတယ်။ 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။
အနောက်ဘက်နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံးစီ တပ်ဆင်ထားပါတယ်။ 9,520mAh Battery ကို ၆.၉ မီလီမီတာ ကိုယ်ထည်ထဲမှာ ထည့်သွင်းထားပါတယ်။ အလေးချိန်က ၅၃၃ ဂရမ် ဖြစ်ပြီး ၁၁ လက်မ တက်ဘလက် တစ်လုံးအတွက် ပေါ့ပါးပါတယ်။
OnePlus Pad မှာ 5G စွမ်းရည်ပါတဲ့ Chipset ထည့်သွင်းထားပါတယ်။ 8/128GB Version ကို ၂၇၅ ဒေါ်လာသတ်မှတ်ထားပြီး ၄၂၅ ဒေါ်လာတန် မော်ဒယ်လည်း ထုတ်လုပ်ထားပါတယ်။ လက်ရှိမှာ တရုတ်မှာပဲ ရောင်းချထားပြီး တခြားနိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။
Ref : Gsmarena
The post တန်ဖိုးနည်း OnePlus Pad ကို တရုတ်မှာ ကြေညာ appeared first on MyTech Myanmar.
Comments
Post a Comment