
Cornell တက္ကသိုလ်မှ သုတေသနပညာရှင်တွေက တိရိစ္ဆာန်တွေကို Virtual Reality Headset ဝတ်ဆင်ပေးထားရင် ဘယ်လို ပြုမူကြသလဲ ဆိုတာ လေ့လာဖို့ ကြွက်တွေအတွက် MouseGoogles ကို တီထွင်လိုက်ပါတယ်။ အဲဒီ Headset ကို စမတ်နာရီ Display နဲ့ သေးငယ်တဲ့ Lenses အပါအဝင် တန်ဖိုးနည်း အစိတ်အပိုင်းတွေကို အသုံးပြုကာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
သုတေသနပညာရှင်တွေဟာ ကြွက်တွေရဲ့ ဦးနှောက်ဟာ VR Headset ဝတ်ဆင်ပေးထားရင် ဘယ်လို တုန့်ပြန်ကြသလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။ ဒီနည်းပညာဟာ အယ်လ်ဇိုင်းမား လို ရောဂါတွေကို လေ့လာဖို့အတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။
ပညာရှင် အဖွဲ့မှ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ Matthew Isaacson က “ သာမာန် VR Headset နဲ့ စမ်းသပ်တဲ့ အခါ ကြွက်တွေက ဘာမှ မတုန့်ပြန်ကြပါဘူး။ အဲဒီအတွက် အရွယ်သေး VR Headset ကို အသုံးပြုကာ စမ်းသပ်တာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
သူက “ ကြွက်တွေမှာ VR Headset ဝတ်ပေးလိုက်တဲ့အခါ ထခုန်ကြပါတယ်။ ဒါဟာ ကြီးမားတဲ့ တုန့်ပြန်မှု ဖြစ်ပါတယ်။ VR Headset ကို အသုံးပြုပြီး ကြွက်တွေရဲ့ ဦးနှောက် အလုပ်လုပ်ပုံကို ဆက်လက်လေ့လာမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : MSN
The post သိပ္ပံပညာရှင်တွေက ကြွက်တွေအတွက် VR Headset ကို တီထွင် appeared first on MyTech Myanmar.
Comments
Post a Comment