
Alibaba က DeepSeek V3 ထက် ပိုအဆင့်မြင့်တဲ့ AI Model ဖြစ်တဲ့ Qwen 2.5 Max ကို ကြေညာလိုက်ပါတယ်။
DeepSeek နာမည်ကြီးနေတဲ့ အချိန်မှာ Alibaba က အချိန်ကိုက် ကြေညာလိုက်တာ ဖြစ်ပြီး တရုတ် နှစ်သစ်ကူးအချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ DeepSeek AI Assistant ဟာ ကုန်ကျစားရိတ်သက်သာစွာနဲ့ ဖန်တီးထားပြီး စွမ်းဆောင်ရည်မြင့်မားတာကြောင့် ဆီလီကွန် တောင်ကြားမှာ ဂရုစိုက်စရာ ဖြစ်လာပါတယ်။
Alibaba နဲ့ ByteDance တို့လို တရုတ် နည်းပညာကုမ္ပဏီတွေဟာ AI Model တွေကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ DeepSeek ရဲ့ တည်ထောင်သူ Liang Wenfeng က သူတို့ရဲ့ ရည်မှန်းချက်ဟာ ဈေးနှုန်း ပြိုင်ဆိုင်မှု မဟုတ်ဘဲ Artificial General Intelligence (AGI) ကို တည်ထောင်ဖို့ ဖြစ်တယ်လို့ ပြောထားပါတယ်။
DeepSeek ဟာ ChatGPT ကို ကျော်တက်ပြီး Apple App Store မှာ ဒေါင်းလုပ်အများဆုံး ဖြစ်သွားတဲ့အတွက် အချိန်တိုအတွင်းမှာ နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ DeepSeek ရဲ့ နာမည်ကြီးမှုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတောင် အမေရိကန် ကုမ္ပဏီတွေကို တပ်လှန့်နှိုးဆော်ခဲ့ရပါတယ်။
Ref : Tech Explorers
The post Alibaba က DeepSeek ထက် ပိုအဆင့်မြင့်တဲ့ AI ကို ကြေညာ appeared first on MyTech Myanmar.
Comments
Post a Comment