
သုတေသနပညာရှင်တွေက စွမ်းအင် သိုလှောက်တဲ့ စနစ်ကို ပြောင်းလဲစေတဲ့ Aluminum-Ion (Al-ion) Battery ကို တီထွင်လိုက်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပမာဏလျော့ကျတဲ့ Lithium-Ion Battery လို မဟုတ်ဘဲ ဒီနည်းပညာဟာ 10,000 Charge & Discharge Cycle ပြီးနောက်မှာ ပမာဏဟာ ၉၉ ရာခိုင်နှုန်း ကျန်ပါသေးတယ်။
အဲဒီအတွက် Battery သက်တမ်းဟာ အလွန် ကြာရှည်မှာ ဖြစ်ပါတယ်။ Lithium-Ion Battery အများစုဟာ 500-1500 Cycle ပြီးနောက်မှာ ပမာဏများစွာ လျော့နည်းသွားပြီး နေ့စဉ်သုံးရင် သက်တမ်းက ၂ နှစ်၊ ၃ နှစ်ပဲ ခံပါတယ်။ အခု Al-Ion Battery ကတော့ နေ့စဉ် တစ်ကြိမ် အားသွင်းရင် နှစ်ပေါင်း ၃၀ နီးပါး အသုံးခံပါတယ်။ နည်းပညာ လောကမှာ ဒီလို ကြာရှည်တဲ့ Battery သက်တမ်းဟာ တကယ်ကို အသုံးဝင်လာမှာပါ။
ဒီ Battery ကို ဖုန်းတွေမှာ ထည့်သွင်းထားနိုင်ရင် Battery ပြဿနာ ကင်းဝေးသွားမှာ ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ ကြာအောင် အသုံးခံဖို့ ဒီဇိုင်းထုတ်ထားတဲ့ Device တွေမှာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Al-Ion Battery ဟာ သက်တမ်း ကြာရှည်သလို ဘေးကင်းလုံခြုံစေတယ်လို့ တီထွင်သူတွေက ပြောပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေမှုကိုလည်း လျှော့ချပေးပါတယ်။
Ref : Gizchina
The post နှစ်ပေါင်း ၃၀ အသုံးခံတဲ့ Aluminum-Ion Battery appeared first on MyTech Myanmar.
Comments
Post a Comment