Apple Watch ရဲ့ လက်ပတ်ကြိုးမှာ လူကို အန္တရာယ် ဖြစ်စေတဲ့ ဓါတုဗေဒ ပစ္စည်းတွေ ပါဝင်နေတဲ့အတွက် Apple ကို တရားစွဲ

Apple Watch လက်ပတ်ကြိုးမှာ လူကို အန္တရာယ် ဖြစ်စေတဲ့ “ Forever Chemicals” ခေါ် PFAS (per-and polyfluoroalkyl substances) ပါဝင်နေတဲ့အတွက် Apple ကို တရားစွဲလိုက်ပါတယ်။

Apple reveals Apple Watch Series 7, featuring the largest, most advanced display - Apple (IN)

ကယ်လီဖိုးနီးယားရဲ့ မြောက်ပိုင်း ခရိုင်မှာ တရားစွဲထားတာ ဖြစ်ပြီး Apple ဟာ Sport Band, Ocean Band နဲ့ Nike Sport Band စတဲ့ လက်ပတ်ကြိုး ၃ မျိုးမှာ အဲဒီ ဓါတုဗေဒ ပစ္စည်း ပါဝင်နေတယ်ဆိုတာ အသိမပေးထားဘူးလို့ ပြောပါတယ်။

Buy Apple Watch SE - Apple (IN)

PFAS ဟာ မာကျောပြီး ချွေးနဲ့ ဆီ ပေတာကို ခံနိုင်တဲ့အတွက် နာမည်ကြီးပါတယ်။ ဒါပေမယ့် အဲဒါဟာ ကင်ဆာ၊ ခုခံအား နည်းရောဂါ နဲ့ သန္ဓေသား တိုးတက်ဖွံ့ဖြိုးမှုကို အန္တရာယ်ရှိစေတာ အပါအဝင် ကျန်းမာရေး ပြဿနာများစွာနဲ့ ပတ်သက်နေပါတယ်။ PFAS ဟာ အချိန်ကြာလာတာနဲ့အမျှ လူ့ ခန္တာကိုယ်ထဲမှာ ပွားများလာတဲ့အတွက် “Forever Chemicals” လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

Apple ဟာ ၂၀၂၂ ခုနှစ်မှာ သူ့ ထုတ်ကုန်တွေကနေ PFAS ကို ဖယ်ရှားမယ်လို့ ကတိပေးထားပေမယ့် PFAS ပါတဲ့ လက်ပတ်ကြိုးတွေကို သိသိကြီးနဲ့ ရောင်းချနေတယ်လို့ တရားစွဲထားပါတယ်။ Apple ကို လိမ်လည်မှု၊ ကယ်လီဖိုးနီးယား သုံးစွဲသူ ကာကွယ်ရေး ဥပဒေ ချိုးဖောက်မှုနဲ့ စွပ်စွဲထားပါတယ်။

PFAS ဟာ စိုးရိမ်ရတဲ့အတွက် စမတ်နာရီ၊ Fitness Tracker တို့ကို ဝယ်ရင် ဆီလီကွန်နဲ့ PFAS-free လက်ပတ်ကြိုးတွေကို ဝယ်ယူသင့်ပါတယ်။

Ref : Gizmochina

The post Apple Watch ရဲ့ လက်ပတ်ကြိုးမှာ လူကို အန္တရာယ် ဖြစ်စေတဲ့ ဓါတုဗေဒ ပစ္စည်းတွေ ပါဝင်နေတဲ့အတွက် Apple ကို တရားစွဲ appeared first on MyTech Myanmar.

Comments