
တရုတ်ထုတ် DeepSeek ဟာ Apple App Store မှာ ChatGPT ကို ကျော်တက်ပြီး လူသုံးအများဆုံး အခမဲ့ App ဖြစ်လာပါတယ်။ DeepSeek ကို ဖြန့်ချိထားတာ ၂ ပတ်ပဲ ရှိသေးပြီး ရုတ်တရက် အောင်မြင်လာတာ ဖြစ်ပါတယ်။
DeepSeek ကို နည်းပညာ ကုမ္ပဏီတွေပေါများတဲ့ တရုတ် အရှေ့ပိုင်း Hangzhou မှ ကုမ္ပဏီ တစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ DeepSeek V3 Model က မောင်းနှင်ထားတာ ဖြစ်ပြီး Developer က Open-source Models များစွာနဲ့ ပြိုင်ဖက်တွေထက် ပိုကောင်းတယ်လို့ ပြောပါတယ်။
အမေရိကန် ကုမ္ပဏီတွေ ကြီးစိုးထားတဲ့ AI လောကကို တရုတ်က စိန်ခေါ်လာတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရရဲ့ တရုတ်ကို အဆင့်မြင့် Chip နည်းပညာတွေ ရောင်းချမှု ပိတ်ပင်ထားတဲ့အပေါ်မှာ ထိရောက်မှု ရှိသလားဆိုတာ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
DeepSeek ကို ဖန်တီးထားသူတွေက Nvidai H800 Chip နဲ့ DeepSeek V3 Model ကို လေ့ကျင့်သင်ကြားပေးထားတာဖြစ်ပြီး ကုန်ကျစားရိတ်က ဒေါ်လာ ၆ သန်းအောက်ပဲ ရှိတယ်လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ DeepSeek ကုမ္ပဏီဟာ AI Model တွေ ဖြန့်ချိနေတဲ့ တရုတ် ကုမ္ပဏီများစွာထဲက တစ်ခု ဖြစ်ပေမယ့် အမေရိကန် AI Model တွေကို ယှဉ်နိုင်၊ ကျော်တက်နိုင်တဲ့ ပထမဆုံး တရုတ် ကုမ္ပဏီ ဖြစ်လာပါတယ်။
Ref : hindustantimes
The post ChatGPT ကို ကျော်ပြီး တရုတ်ထုတ် DeepSeek ကို အသုံးပြုသူ ပိုမိုများပြားနေ appeared first on MyTech Myanmar.
Comments
Post a Comment