
တရုတ်ရဲ့ DeepSeek AI Chatbot ကြောင့် ကမ္ဘာ့ အချမ်းသာဆုံးသူဌေးတွေဟာ တနင်္လာနေ့မှာ ဒေါ်လာ ၁၀၈ ဘီလီယမ် ဆုံးရှုံးသွားပါတယ်။
AI နဲ့ ပတ်သက်နေတဲ့ ဘီလီယမ်နာတွေက အထိအနာဆုံး ဖြစ်ပါတယ်။ Nvidia ပူးတွဲတည်ထောင်သူ Jensen Huang ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၂၀.၁ ဘီလီယမ် လျော့နည်းသွားပြီး ၂၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ Oracle ပူးတွဲတည်ထောင်သူ Larry Ellison ဟာ ဒေါ်လာ ၂၂.၆ ဘီလီယမ် (၁၂ ရာခိုင်နှုန်း) ဆုံးရှုံးသွားပါတယ်။ တခြား ဆုံးရှုံးသွားသူတွေထဲမှာ Michael Dell က ဒေါ်လာ ၁၃ ဘီလီယမ်နဲ့ Binance ရဲ့ Changpeng “CZ” Zhao က ဒေါ်လာ ၁၂.၁ ဘီလီယမ် ဖြစ်ပါတယ်။
နည်းပညာကဏ္ဍမှာ ဆုံးရှုံးမှုက ၈၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။
တရုတ်ရဲ့ Hangzhou အခြေစိုက် AI Company ဖြစ်တဲ့ DeepSeek ရဲ့ ဒေါ်လာ ၅.၆ သန်းနဲ့ ဖန်တီးထားတဲ့ တန်ဖိုးနည်း DeepSeek R1 Chatbot ဟာ ဈေးကွက်ကို ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ကမ္ဘာမှာ ဒေါင်းလုပ် အများဆုံး ဖြစ်ခဲ့ပြီး ဆီလီကွန်တောင်ကြားရဲ့ AI Model တွေကို စိန်ခေါ်နိုင်ခဲ့ပါတယ်။
DeepSeek ကြောင့် နည်းပညာ လောကက ဘီလီယမ်နာတွေကို ကြီးမားစွာ ထိခိုက်စေခဲ့ပါတယ်။
Ref : Tech Explorers
The post DeepSeek ကြောင့် ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတွေဟာ ဒေါ်လာ ၁၀၈ ဘီလီယမ် ဆုံးရှုံးသွား appeared first on MyTech Myanmar.
Comments
Post a Comment