
ပြီးခဲ့တဲ့နှစ်မှာ Google က Android အတွက် ဖုန်း ခိုးခံရရင် ဒေတာတွေကို ကာကွယ်ပေးတဲ့ Theft Detection Lock , Offline Device Lock နဲ့ Remote Lock တို့ကို ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ Identity Check ကို ထည့်သွင်းပေးလိုက်ပြီး သင့်ဖုန်း ခိုးခံရရင် သင့် ဒစ်ဂျစ်တယ် အကောင့်တွေကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
အဲဒီ Feature ဟာ သင်ဟာ ပုံမှန် ရှိနေတဲ့ တည်နေရာက မဟုတ်ရင် ဖုန်း Setting တချို့ကို ဝင်တဲ့အခါမှာ Biometric Authentication ကို တောင်းမှာ ဖြစ်ပါတယ်။ သင့်ဖုန်းဟာ ပုံမှန် ရှိနေတဲ့ နေရာမှာ မဟုတ်ရင် သင့် Biometric ကို အသုံးပြုပြီး Authenticate ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သူခိုးတွေဟာ သင့်ဖုန်းရဲ့ PIN ၊ Biometric ၊ Find My Device ကို ပိတ်တာ ၊ Passkey ကို ဝင်ရောက်တာနဲ့ Factory Reset လုပ်တာတွေကို ပြုလုပ်လို့ ရမှာ မဟုတ်ပါဘူး။
Identity Check ကို Android 15 ရထားတဲ့ Pixel ဖုန်းတွေ(Pixel 6 နဲ့ အထက်)ကို ထည့်သွင်းပေးမှာ ဖြစ်ပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ One UI 7 ရတဲ့ Samsung Device တွေမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Google က ဒီနှစ်နှောင်းပိုင်းမှာ တခြား Android ကုမ္ပဏီတွေအတွက် ထည့်သွင်းပေးမယ်လို့ အတည်ပြုထားပါတယ်။
Ref : gsmarena
The post Google က သင့် ဖုန်း ခိုးခံရရင် အကောင့်တွေကို ကာကွယ်ပေးမယ့် Identity Check ကို ထည့်သွင်းပေး appeared first on MyTech Myanmar.
Comments
Post a Comment