
Meta AI Chatbot ဟာ ပိုမို စွမ်းရည်မြင့်မားလာတယ်လို့ Meta က ပြောပါတယ်။ Chatbot ဟာ Facebook Messenger နဲ့ WhatsApp ရဲ့ Chat မှာ သင်မျှဝေထားတဲ့ အရာတွေကို မှတ်မိနိုင်လာပါတယ်။ User အတွက် ပိုမို အသုံးဝင်လာပြီး သင့်တော်တဲ့ အကြံပြုချက်တွေ ပေးလာနိုင်ပါတယ်။
သင်က မှတ်သားထားစေချင်တာတွေကို Chatbot ကို ပြောပြထားနိုင်ပါတယ်။ ဥပမာ အနေနဲ့ သင်လုပ်ချင်တဲ့ အလုပ်တွေကို ပြောပြထားနိုင်ပါတယ်။ နံနက်စာအတွက် အကြံတောင်းတဲ့အခါ Chatbot က အသား ပါတာကို အကြံပြုရင်သင်က အသားမစားဘူးလို့ ပြောပြထားနိုင်ပါတယ်။ ဒါဆိုရင် နောက်ပိုင်းမှာ အသားမပါတာကို အကြံပြုမှာပါ။
သင်က Chatbot ရဲ့ Memory ကို အချိန်မရွေးဖျက်နိုင်ပါတယ်။ ဒီ Feature ကို အမေရိကန်နဲ့ ကနေဒါမှာပဲ အသုံးပြုနိုင်ပါသေးတယ်။
ဒါ့အပြင် Chatbot ဟာ ဉာဏ်ရည်ပိုမြင့်လာတယ်လို့ Meta က ပြောပါတယ်။ Meta က ပေးတဲ့ ဥပမာ အရ သင်ဟာ မကြာခင်က Reels မှာ တေးဂီတပွဲတစ်ခုကို ကြည့်ထားရင် သင်က စနေ၊ တနင်္ဂနွေမှာ မိသားစုနဲ့ ဘယ်သွားရမလဲလို့ မေးရင် Chatbot က တေးဂီတပွဲ သွားဖို့ ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။
Ref : gsmarena
The post ပိုစွမ်းရည်မြင့်လာတဲ့ Meta AI Chatbot appeared first on MyTech Myanmar.
Comments
Post a Comment