ဒေါ်နယ်ထရမ့်က Microsoft ဟာ TikTok ကို ဝယ်ယူနိုင်တယ်လို့ ပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က Microsoft ဟာ TikTok ရဲ့ အမေရိကန် လုပ်ငန်းကို ဝယ်ယူနိုင်တယ်လို့ ပြောပါတယ်။ Microsoft က TikTok ကို ဝယ်ယူနိုင်သလားလို့ မေးတဲ့ အခါ သူက အများကြီး စိတ်ဝင်စားမှု ရှိနေတယ်လို့ ဖြေပါတယ်။

Microsoft could purchase TikTok, Donald Trump claims

သူက “ ဘာဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ TikTok ကို စိတ်ဝင်စားနေတဲ့ ကျွန်တော်တို့ ကုမ္ပဏီများစွာ ရှိပြီး လူများစွာရဲ့ အလုပ်အကိုင်တွေကို ကယ်တင်နိုင်မှာပါ။ TikTok မှာ တရုတ် ပါဝင်ပတ်သက်နေတာကို မလိုချင်ပါဘူး။ “ လို့ ပြောပါတယ်။

Microsoft ကတော့ TikTok ကို ဝယ်ယူမယ့် အကြောင်းကို ဘာမှ မှတ်ချက်မပေးသေးပါဘူး။

Microsoft could purchase TikTok, Donald Trump claims

ထရမ့်က TikTok ကို ဝယ်ယူချင်တဲ့ အမေရိကန် ကုမ္ပဏီများစွာ ရှိနေတာကို ဝမ်းသာတယ်လို့ ပြောပါတယ်။ “ အပြိုင်အဆိုင် ဝယ်ယူမယ့် ကုမ္ပဏီတွေ ရှိပါတယ်။ ဒါဟာ ကောင်းတဲ့ အချက်ပါ။ “ လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်မှာ TikTok သုံးစွဲသူ သန်း ၁၇၀ ရှိပေမယ့် အမေရိကန် အစိုးရဟာ တရုတ်နဲ့ ပတ်သက်နေတဲ့ ပိုင်ရှင် ByteDance နဲ့ ပတ်သက်ပြီး စိုးရိမ်နေပါတယ်။ မူလက ဇန်နဝါရီလ ၁၉ ရက်မှာ TikTok အမေရိကန် လုပ်ငန်းကို ရောင်းချဖို့ အမိန့်ချထားပြီး မရောင်းချရင် လုပ်ငန်းကို ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ ထရမ့် အမေရိကန် သမ္မတ ဖြစ်လာပြီးနောက်မှာ ၇၅ ရက်(ဧပြီလ ၄ ရက်)နေ့အထိ သက်တမ်း တိုးပေးခဲ့ပါတယ်။

Ref : gsmarena

The post ဒေါ်နယ်ထရမ့်က Microsoft ဟာ TikTok ကို ဝယ်ယူနိုင်တယ်လို့ ပြော appeared first on MyTech Myanmar.

Comments