
Bloomberg က အမေရိကန် ရင်းနှီးမြှပ်နှံသူ အဖွဲ့အစည်း တစ်ခုဟာ TikTok ကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ အွန်လိုင်း ဆယ်လီ Mr Beast ဦးဆောင်တဲ့ အဖွဲ့ဟာ TikTok ကို ဒေါ်လာ ၂၀ ဘီလီယမ်နဲ့ ဝယ်ယူဖို့ စီစဉ်နေတယ်လို့ စွန့်ဦးတီထွင် နည်းပညာသမားနဲ့ Employer.com ကို တည်ထောင်သူ Jesse Tinsley က ပြောပါတယ်။
Tinsley က Roblox ပူးတွဲတည်ထောင်သူနဲ့ CEO David Baszucki နဲ့ Anchorage Digital ပူးတွဲ တည်ထောင်သူနဲ့ CEO Nathan McCauley တို့လို နာမည်ကြီး ရင်းနှီးမြှပ်နှံသူ ၂ ဦးကိုလည်း ခေါ်ဆောင်ထားတယ်လို့ ပြောပါတယ်။
အဲဒီ အဖွဲ့အစည်းဟာ TikTok အမေရိကန် လုပ်ငန်းကို ဒေါ်လာ ၂၀ ဘီလီယမ်နဲ့ ဝယ်ယူဖို့ ကြိုးစားနေကြပါတယ်။
Elon Musk နဲ့ Microsoft တို့ကလည်း TikTok ကို ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်နေပါတယ်။
အမေရိကန် ကုမ္ပဏီတွေက TikTok ကို ဝယ်ယူဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ TikTok ရဲ့ ပိုင်ရှင် ByteDance ကတော့ TikTok ကို ရောင်းချမယ့် အကြောင်း ဘာမှ မပြောသေးပါဘူး။ ကုမ္ပဏီက TikTok ကို အမေရိကန်မှာ ဆက်လက် ရှင်သန်ဖို့ ကြိုးစားနေပါတယ်။
Ref : gsmarena
The post Mr Beast က TikTok ကို ဒေါ်လာ ၂၀ ဘီလီယမ်နဲ့ ဝယ်ယူမည် appeared first on MyTech Myanmar.
Comments
Post a Comment