
တက်ကြွလှုပ်ရှားသူတွေက ဂျာမနီမှ Tesla စက်ရုံမှာ ‘Heil Tesla” မီးမောင်းထိုးပြီး Elon Musk ကို ဆန့်ကျင်နေကြပါတယ်။ အဲဒီ ဆန္ဒပြမှုကို ဂျာမနီရဲ့ Centre for Political Beauty နဲ့ Led By Donkeys တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
Elon Musk ဟာ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တက်ရောက်ခဲ့ပြီး နာဇီ အလေးပြုတဲ့ ပုံသဏ္ဍာန် ပြုလုပ်ခဲ့တာကြောင့် အခုလို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ Musk ဟာ ဂျာမနီ အာဏာရှင် အဒေါ့ဟစ်တလာရဲ့ ပုံစံကို အတုခိုးထားတာလို့ စွပ်စွဲဝေဖန်နေကြပါတယ်။
ဆန္ဒပြသူတွေက “Heil Tesla “ နဲ့ “Boycott Tasla” စာသားတွေကို Tesla စက်ရုံမှာ မီးမောင်းထိုးပြခဲ့ကြတာ ဖြစ်ပါတယ်။
Elon Musk ကတော့ သူ့ရဲ့ လက်ဟန်ခြေဟန်ကို နာဇီ အလေးပြုပုံနဲ့ နှိုင်းယှဉ်နေတာကို ငြင်းဆန်ထားပါတယ်။ Musk ဟာ ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အဲဒီ လက်ဟန်ခြေဟန်ကို ၂ ကြိမ်တောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Ref : Technology Innovation
The post ဂျာမနီမှ Tesla စက်ရုံမှာ “Heil Tesla” မီးမောင်းထိုးပြီး Elon Musk ကို ဆန့်ကျင်နေကြ appeared first on MyTech Myanmar.
Comments
Post a Comment