
အမေရိကန်ရဲ့ App Store တွေမှာ TikTok ကို ဖယ်ရှားထားပေမယ့် TikTok ကို ဖုန်းထဲမှာ ထည့်ထားသူတွေကတော့ ဆက်လက် အသုံးပြုလို့ရနေပါသေးတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး TikTok ထည့်ထားတဲ့ iPhone ပိုင်ရှင်တွေဟာ eBay မှာ ဒေါ်လာ သောင်းဂဏန်းနဲ့ ရောင်းချနေကြပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က TikTok ကို ပိတ်ပင်တာကို ရက်နောက်ဆုတ်ပေးလိုက်ပေမယ့် TikTok ကို App Store တွေမှာ ဘယ်အချိန်ပြန်ရမလဲ ဆိုတာ မသိရသေးပါဘူး။ လက်ရှိမှာတော့ TikTok ထည့်ထားတဲ့ iPhone ပိုင်ရှင်တွေဟာ ဖုန်း အသစ် သို့မဟုတ် ဖုန်း အဟောင်းတွေကို ဒေါ်လာ ၂၅,၀၀၀ အထိ ဈေးတင်ကာ ရောင်းချနေကြပါတယ်။
ဖလော်ရီဒါမှ eBay User တစ်ယောက်က TikTok ပါတဲ့ iPhone 15 Pro ကို ဒေါ်လာ ၁၀,၀၀၀ နဲ့ ရောင်းချထားပါတယ်။ အဲဒီဖုန်းဟာ လူစိတ်ဝင်စားမှု များပြားနေပြီး ၂၄ နာရီအတွင်း ကြည့်ရှုသူ ၁,၈၀၀ ကျော် ရထားပါတယ်။
ဖုန်း မော်ဒယ်နဲ့ မပျက်ဆီးသေးတဲ့ အခြေအနေ အလိုက် ဒေါ်လာ ၅၀၀ ကနေ ၂၅,၀၀၀ အထိ ရောင်းချနေပါတယ်။ လူ တစ်ယောက်ဆိုရင် TikTok ပါတဲ့ iPhone 16 Pro Max ကို ဒေါ်လာ ၂၅,၀၀၀ သတ်မှတ်ထားပါတယ်။
Ref : usatoday
The post အမေရိကန်မှာ TikTok ထည့်ထားတဲ့ iPhone တွေ ဒေါ်လာ သောင်းဂဏန်းအထိ ဈေးပေါက်နေ appeared first on MyTech Myanmar.
Comments
Post a Comment