Apple က Apple Intelligence မှာ Google Gemini ထည့်သွင်းဖို့ စီစဉ်နေ

Apple Intelligence မှာ ChatGPT ကို ထည့်သွင်းပေးထားပြီး အခုတော့ Apple ဟာ Google Gemini ကို ထည့်သွင်းပေးဖို့ ကြိုးစားနေပါတယ်။

iOS 18.4 Beta မှာ Apple Intelligence ထဲမှာ OpenAI နဲ့ Google ကို ရွေးချယ်ဖို့ Option တွေကို တွေ့လာရပါတယ်။ Apple က Google Gemini ကို Apple Intelligence မှာ ဘယ်အချိန် ထည့်သွင်းပေးမလဲ ဆိုတာ မသိရသေးပါဘူး။

ဖြစ်နိုင်တာက ဧပြီလမှာ ထွက်လာမယ့် iOS 18.4 မှာ Google Gemini ကို ထည့်သွင်းပေးထားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ထက်လည်း ကြာမြင့်နိုင်ပြီး Apple ဟာ အနာဂတ်မှာ ဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်ပါတယ်။ Apple က ဒီအကြောင်းကို ဘာမှ မပြောသေးပါဘူး။ အရင်သတင်းတွေအရ Apple ဟာ Google Gemini အပါအဝင် တခြား AI Model တွေကို Apple Intelligence မှာ ထည့်သွင်းပေးမယ်လို့ သိခဲ့ရပါတယ်။

Apple preparing Google Gemini integration with Apple Intelligence - 9to5Mac

Apple ဟာ iOS 18.4 နဲ့ iPadOS 18.4 ထွက်ရှိမယ့် ဧပြီလမှာ ဥရောပမှာ Apple Intelligence ကို ထည့်သွင်းပေးမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီအချိန်မှာ Apple Intelligence မှာ တခြား ဘာသာစကားတွေကိုလည်း ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gsmarena

The post Apple က Apple Intelligence မှာ Google Gemini ထည့်သွင်းဖို့ စီစဉ်နေ appeared first on MyTech Myanmar.

Comments