
တရုတ် ကုမ္ပဏီက ထုတ်တဲ့ DeepSeek AI ဟာ ကမ္ဘာ့ AI လောကကို လှုပ်ခတ်စေခဲ့ပြီး အခုတော့ တရုတ် တက္ကသိုလ်တွေမှာ DeepSeek AI သင်ခန်းစာတွေကို အပြိုင်အဆိုင် သင်ကြားပေးနေပါတယ်။
တရုတ် တောင်ပိုင်း နည်းပညာ ရပ်ဝန်းမှာ တည်ရှိတဲ့ ရှန်ဇန် တက္ကသိုလ်ဟာ Tencent Cloud နဲ့ ပူးပေါင်းပြီး DeepSeek ကို အခြေခံထားတဲ့ AI သင်ခန်းစာကို မိတ်ဆက်လိုက်ပါတယ်။ ဒီစာသင်နှစ်က စတင်ကာ ကျောင်းသားတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။
ရှန်ဇန် တက္ကသိုလ်က AI နည်းပညာကို ကျောင်းသားတွေ နက်နက်ရှိုင်းရှိုင်း နားလည်အောင်နဲ့ အသုံးချတတ်အောင် ရည်ရွယ်တယ်လို့ ပြောပါတယ်။ တက္ကသိုလ်က နယ်ပယ်မျိုးစုံမှာ AI နဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်း အလုပ်လုပ်တတ်အောင်နဲ့ တီထွင်ဆန်းသစ်တတ်အောင် ရည်မှန်းထားတယ်လို့ ပြောပါတယ်။
အလားတူပဲ တရုတ် အရှေ့ပိုင်းမှ Zhejiang တက္ကသိုလ်က DeepSeek ကို အခြေခံထားတဲ့ AI သင်ခန်းစာကို အွန်လိုင်းကနေ ကျောင်းသားတွေနဲ့ ပြည်သူတွေကို အခမဲ့ သင်ကြားပေးနေပါတယ်။ ပထမဆုံး သင်တန်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင် သင်ကြားပေးခဲ့ပါတယ်။
တရုတ် အဆင့်မြင့် ကုန်ထုတ်လုပ်မှု ကျွမ်းကျင်သူနဲ့ ဂျာမနီမှ Jena တက္ကသိုလ်မှ သုတေသနပညာရှင် Xu Hui က “ တရုတ် တက္ကသိုလ်တွေမှာ DeepSeek နဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကို လျှင်လျှင်မြန်မြန် မိတ်ဆက်လာတာဟာ တရုတ် နိုင်ငံက AI ကို ပြင်းပြင်းထန်ထန် တောင်းဆိုနေတာကို ထင်ဟပ်စေပါတယ်။ “ လို့ ပြောပါတယ်။
Ref : Bangkokpost
The post တရုတ် တက္ကသိုလ်တွေမှာ DeepSeek AI သင်ခန်းစာတွေကို သင်ကြားပေး appeared first on MyTech Myanmar.
Comments
Post a Comment