အမေရိကန် အစိုးရရဲ့ စားရိတ်တွေကို ဖြတ်တောက်နေတဲ့ Elon Musk ကို အာဂျင်တီးနား သမ္မတက လွှစက် လက်ဆောင်ပေး

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဘီလီယမ်နာ Elon Musk ကို အစိုးရ စွမ်းရည်မြှင့်တင်ရေး ဌာန (DOGE) ကို ဦးဆောင်စေခဲ့ပါတယ်။ Musk က အဲဒီနောက်မှာ အမေရိကန် အစိုးရရဲ့ စားရိတ်တွေကို ပြင်းပြင်းထန်ထန် ဖြတ်တောက်နေပါတယ်။
အခုတော့ ဝါရှင်တန် ပြင်ပမှာ ပြုလုပ်တဲ့ ကွန်ဆာဗေးတစ် Conference တစ်ခုမှာ Musk ကို အာဂျင်တီးနား သမ္မတက လွှစက် လက်ဆောင်ပေးခဲ့ပါတယ်။ Maryland ၊ National Harbor မှာ ပြုလုပ်တဲ့ Conservative Political Action Conference မှာ Musk က “ ဒါဟာ ဗျူရိုကရေစီ အတွက် လွှစက် ဖြစ်ပါတယ်။ “ လို့ လွှစက်ကို ကိုင်မြှောက်ကာ ကြွေးကြော်ခဲ့ပါတယ်။
အာဂျင်တီးနား သမ္မတ Milei ပေးတဲ့ အနီရောင် လွှစက်မှာ သမ္မတရဲ့ ဆောင်ပုဒ်ကို စပိန်ဘာသာစကားနဲ့ ရေးထွင်းထားပါတယ်။ “Viva la libertad, carajo” လို့ ရေးထွင်းထားပြီး “လွတ်လပ်မှု အဓွန့်ရှည်ပါစေ။” လို့ အဓိပ္ပါယ်ရပါတယ်။
Musk ဟာ ဘဏ် လုပ်ငန်း အာဏာပိုင်တွေ၊ ဒုံးပျံ သိပ္ပံပညာရှင်တွေနဲ့ တခြား အစိုးရ ဝန်ထမ်း ထောင်ပေါင်းများစွာကို ပစ်မှတ်ထားကာ အသုံးစားရိတ်တွေ ဖြတ်တောက်နေပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ အမေရိကန် ဝင်ငွေ ဌာနမှ ဝန်ထမ်း ၆,၀၀၀ ကို အလုပ်ဖြုတ်မယ်လို့ ပြောထားတယ်လို့ သိရပါတယ်။
Musk ဟာ Milei ကို ထောက်ခံအားပေးသူ တစ်ယောက် ဖြစ်ပါတယ်။ Milei ဟာ အာဂျင်တီးနား သမ္မတ မဖြစ်ခင် ရွေးကောက်ပွဲ Campaign တွေမှာ သူဟာ အစိုးရရဲ့ အရွယ်အစားကို လျှော့ချဖို့ ကြွေးကြော်ကာ လွှစက် တစ်ခုကို အမြဲ ယူဆောင်လာလေ့ရှိပါတယ်။
Ref : reuters
The post အမေရိကန် အစိုးရရဲ့ စားရိတ်တွေကို ဖြတ်တောက်နေတဲ့ Elon Musk ကို အာဂျင်တီးနား သမ္မတက လွှစက် လက်ဆောင်ပေး appeared first on MyTech Myanmar.
Comments
Post a Comment