
Louis Vuitton နဲ့ Prada တို့လို ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီတွေက AI ကို အသုံးပြုလာကြပါတယ်။ Louis Vuitton ရဲ့ မိခင်ကုမ္ပဏီ LVMH Group ဟာ Google ရဲ့ AI နည်းပညာနဲ့ ပူးပေါင်းထားပြီး ဝယ်လိုအား ကြိုတင်ခန့်မှန်းခြင်း၊ ကုန်ထုတ်လုပ်မှု စီမံခန့်ခွဲခြင်းနဲ့ ကုန်ပစ္စည်း ထုတ်လုပ်ဖို့ အကြံပေးခြင်းတွေမှာ AI ကို အသုံးပြုနေပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လမှာ LVMH ရဲ့ သူဌေး Bernard Arnault ဟာ AI ကုမ္ပဏီ ၅ ခုမှာ ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာခဲ့ပါတယ်။
Prada က ၂၀၂၃ ခုနှစ် မတ်လမှာ Adobe နဲ့ ပူးပေါင်းခဲ့ပြီး Customer ဒေတာတွေကို ရယူကာ အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ပြုလုပ်ခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ အကြိုက်ကို ပိုမိုသိရှိနားလည်အောင် AI ကို အသုံးပြုနေပါတယ်။
Moncler ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ AI ကို စတင် အသုံးပြုခဲ့ပြီး AI နဲ့ ဖန်တီးထားတဲ့ ကြော်ငြာကို London Fashion Week မှာ ပြသခဲ့ပါတယ်။ Gucci, Yves Saint Laurent နဲ့ Cartier ရဲ့ မိခင်ကုမ္ပဏီ Richemont တို့ဟာလည်း AI ကို အသုံးပြုနေပါတယ်။
တောင်ကိုရီးယားမှ Ably နဲ့ Zigzag တို့လို ဖက်ရှင်ကုမ္ပဏီတွေဟာလည်း AI ကို အသုံးချနေကြပါတယ်။ AI ကို အသုံးပြုပြီး ရောင်းအား ကောင်းစေဖို့အတွက် သုံးစွဲသူတွေရဲ့ အပြုအမူကို လေ့လာကြတာ ဖြစ်ပါတယ်။
Ref : Nation Thailand
The post Louis Vuitton နဲ့ Prada တို့က ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ AI ကို အသုံးပြုနေ appeared first on MyTech Myanmar.
Comments
Post a Comment