၁၁ မိနစ်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး ၆၂၀ ကီလိုမီတာ မောင်းနှင်နိုင်တဲ့ Xiaomi SU7 Ultra ကို ကြေညာ

Xiaomi က စွမ်းရည်မြင့် SU7 Ultra လျှပ်စစ်ကားကို ကြေညာလိုက်ပြီး ၅၂၉,၀၀၀ ယွမ် (၇၂,၉၈၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ၁.၉၈ စက္ကန့်အတွင်း တစ်နာရီ ၀ ကနေ ၁၀၀ ကီလိုမီတာ အရှိန်မြှင့်နိုင်ပါတယ်။ အမြန်ဆုံးနှုန်းက တစ်နာရီကို ၃၅၀ ကီလိုမီတာ ဖြစ်ပြီး အမြန်ဆုံး တံခါး ၄ ပေါက်ပါ ကား ဖြစ်လာပါတယ်။
ကားအတွင်းပိုင်းဟာ ပြိုင်ကား ဒီဇိုင်း ဖြစ်ပါတယ်။ စပီကာ ၂၅ လုံး ပါတဲ့ Surround Sound System ထည့်သွင်းထားပြီး Active Noise Cancellation ပါတဲ့အတွက် အသံအရည်အသွေး အရမ်းမိုက်ပါတယ်။ Xiaomi HyperOS မောင်းနှင်ထားပြီး AI အခြေပြု မောင်းသူမဲ့ စနစ်၊ စမတ် ကိရိယာတွေနဲ့ ချိတ်ဆက်နိုင်တဲ့ စွမ်းရည်ပါလာပါတယ်။ Xiaomi Pilot System က Real-time Navigation , Adaptive Lane Changes နဲ့ ဉာဏ်ရည်မြင့် ပါကင်ထိုး စနစ်တွေကို ပံ့ပိုးပေးပါတယ်။
မြန်နှုန်းမြင့် အားသွင်း စနစ် ပါလာပြီး ၁၁ မိနစ်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၆၂၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။
Obsidian Black, Pearl White, Space Silver, Parrot Green နဲ့ Lightning Yellow ၅ ရောင်ထုတ်လုပ်ထားပါတယ်။ အရောင်တွေကို Classic, Luxury နဲ့ Sports Themes စတဲ့ ကဏ္ဍ ၃ ခု ခွဲခြားထားပါတယ်။
Ref : Gizmochina
The post ၁၁ မိနစ်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး ၆၂၀ ကီလိုမီတာ မောင်းနှင်နိုင်တဲ့ Xiaomi SU7 Ultra ကို ကြေညာ appeared first on MyTech Myanmar.
Comments
Post a Comment