
vivo Y39 ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ စွမ်းရည်နိမ့် တန်ဖိုးနည်း ဖုန်း ဖြစ်ပြီး Snapdragon 4 Gen 2 Chipset နဲ့ ကြီးမားတဲ့ Battery ထည့်သွင်းထားပါတယ်။
အဲဒီဖုန်းဟာ တရုတ်က Y300i နဲ့ တူညီပြီး 6.68” LCD HD+ Display သုံးထားပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး 50MP Main ကင်မရာ ပါပါတယ်။ ကွာခြားတာက Y39 မှာ 2MP Secondary အနောက်ကင်မရာ တပ်ထားတာပါ။ ဆဲလ်ဖီး ကင်မရာကိုလည်း 8MP နဲ့ အဆင့်မြှင့်ထားပါတယ်။
vivo Y39 5G မှာ ကြီးမားတဲ့ 6,500mAh Battery ပါလာပြီး 44W Wired Charging ဖြစ်ပါတယ်။ Battery ကြီးမားတဲ့အတွက် ဘူးထဲမှာ ပါတဲ့ Charger နဲ့ အားသွင်းရင်တောင် ၁ ကနေ ၁၀၀ ရာခိုင်နှုန်းကို ၈၃ မိနစ် ကြာမြင့်နိုင်ပါတယ်။ Android 15 အခြေပြု Funtouch 15 မောင်းနှင်ထားပါတယ်။
vivo Y39 5G အတွက် Lotus Purple နဲ့ Ocean Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Amazon နဲ့ vivo e-Store ကနေ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး 8/128GB ကို ၂၀၀ ဒေါ်လာနဲ့ 8/256GB ကို ၂၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena
The post 50MP ကင်မရာ ပါတဲ့ တန်ဖိုးနည်း vivo Y39 appeared first on MyTech Myanmar.
Comments
Post a Comment