
Apple က နှစ်စဉ်ပြုလုပ်နေကျ Worldwide Developers Conference ကို ဒီနှစ်မှာ ဇွန်လ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။ Developers တွေအတွက် Online Sessions တွေ ပါဝင်မှာ ဖြစ်ပြီး Main Keynote ကို ဇွန်လ ၉ ရက်နေ့မှာ Apple Park မှာ ပြောကြားမှာ ဖြစ်ပါတယ်။
Keynote မှာ Apple ဟာ iOS, iPadOS နဲ့ macOS ရဲ့ နောက်မျိုးဆက် Software တွေကို ကြေညာနိုင်ပါတယ်။ ဒီနှစ်မှာ ထူးခြားတာက အဲဒီ Software တွေအတွက် visionOS နဲ့ တူတဲ့ ဒီဇိုင်းကို ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ WWDC Logo မှာ Hint ကို တွေ့နိုင်ပြီး ဖန်လိုပြောင်လက်နေတဲ့ 25 ပါဝင်လာပါတယ်။ iOS 7 နောက်ပိုင်းမှာ အဓိက ဒီဇိုင်းပြောင်းလဲမှုကို ပြုလုပ်ထားမှာ ဖြစ်ပါတယ်။
Keynote အပြင် Apple ဟာ Developer တွေ Apple ပညာရှင်တွေနဲ့ တစ်ယောက်ချင်း သို့မဟုတ် အုပ်စုနဲ့ တွေ့ဆုံနိုင်တဲ့ အစီအစဉ်ကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အထူး Activity တွေမှာလည်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ Developer တွေအတွက် လက်မှတ်တွေကို အကန့်အသတ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ၅ ရက်ကြာ WWDC 2025 မှာ အခမဲ့ Online Session တွေကိုလည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။
Ref : gsmarena
The post Apple ရဲ့ WWDC 2025 ကို ဇွန်လ ၉ ရက်နေ့မှာ ကျင်းပမည် appeared first on MyTech Myanmar.
Comments
Post a Comment