ငလျင်ဘေးသင့် မြန်မာနိုင်ငံကို လှူဒါန်းမယ့် Apple

မြန်မာနိုင်ငံမှာ ငလျင်ဘေးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး တချို့မြို့တွေဟာ မြို့ပျက်ကြီးလို ဖြစ်သွားပါတယ်။ အဲဒီအတွက် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ လာရောက်ပြီး ကူညီပေးနေကြပါတယ်။ မြန်မာငလျင်ဘေးအတွက် နိုင်ငံတကာမှ ငွေကြေးလှူဒါန်းမှုတွေလည်း ပြုလုပ်နေကြပါတယ်။

အခုတော့ မြန်မာ ငလျင်ဘေးကို ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတွေပါ ပါဝင် လှူဒါန်းလာကြပါတယ်။ အဲဒါကတော့ Apple ဖြစ်ပါတယ်။ Apple CEO Tim Cook က ငလျင်ဘေးသင့်တဲ့ မြန်မာ နဲ့ ထိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ဖို့ လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။ သူက လှူဒါန်းတဲ့ ငွေပမာဏကို မပြောပါဘူး။

Apple CEO Tim Cook's Annual Pay in 2022: $63 Million

X လူမှုကွန်ရက်မှာ Tim Cook က ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံစားနေရတဲ့ မြန်မာ နဲ့ ထိုင်း မှ လူတွေအတွက် အလွန် စိတ်မကောင်း ဖြစ်ရပါတယ်လို့ ရေးသားထားပါတယ်။

Apple ဟာ ကမ္ဘာအဝန်းမှ သဘာဝဘေးအန္တရာယ်တွေကို ကြက်ခြေနီ အသင်းကနေ ငွေကြေး လှူဒါန်းလေ့ ရှိပါတယ်။

Ref : MacRumors

The post ငလျင်ဘေးသင့် မြန်မာနိုင်ငံကို လှူဒါန်းမယ့် Apple appeared first on MyTech Myanmar.

Comments