
မြန်မာမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်တဲ့ ငလျင်ကြီးရဲ့ ဒဏ်ကို အပြင်းအထန် ခံစားနေရပါတယ်။ ဒီနေ့ နံနက် အထိ စာရင်းအရ မြန်မာမှာ ငလျင်ကြောင့် ေ-သဆုံးသူ ၁,၇၀၀ ၊ ဒဏ်ရာရသူ ၃,၄၀၀ နဲ့ ပျောက်ဆုံးသူ ၃၀၀ ရှိသွားပြီ ဖြစ်ပါတယ်။
အခုတော့ အမေရိကန် ဘူမိဗေဒ ပညာရှင် ဂျက်စ်ဖီးနစ်က မြန်မာ ရဲ့ ငလျင်ဟာ အနုမြူဗုံး ၃၃၄ လုံး ပေါက်ကွဲအားနဲ့ ညီမျှတယ်လို့ CNN နဲ့ အင်တာဗျူးမှာ ပြောပါတယ်။ သူက လူတွေ သိသာမြင်သာအောင် အခုလို ဥပမာပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။
သူမက မြန်မာ နိုင်ငံအောက်မှ Indian Tectonic ကျောက်လွှာဟာ Eurasian ကျောက်လွှာနဲ့ ဆက်လက် ပွတ်တိုက်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေဟာ လနဲ့ချီပြီး ဆက်လက်လှုပ်ခတ်နိုင်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အောက်မှာ ရှိတဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် အခုလောက်အထိ ကြီးမားတဲ့ ငလျင်ဒဏ်ကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ပြတ်ရွေ့ကြောဟာ ၁,၂၀၀ ကီလိုမီတာလောက် ရှည်လျားပြီး မြန်မာနိုင်ငံရဲ့ တောင်နဲ့ မြောက်ကို ပိုင်းခြားထားပါတယ်။
Ref : Times of India , CNN
The post မြန်မာ ရဲ့ ငလျင်ဟာ အနုမြူဗုံး ၃၃၄ လုံး ပေါက်ကွဲအားနဲ့ ညီမျှတယ်လို့ အမေရိကန် ပညာရှင်ပြော appeared first on MyTech Myanmar.
Comments
Post a Comment