ကမ္ဘာ့ ပထမဆုံး အနေနဲ့ ဦးနှောက်ထဲ Chip ထည့်သွင်းပြီး အကြောသေနေသူတွေကို လမ်းလျှောက်နိုင်အောင် ပြုလုပ်ပေးခဲ့

ရှန်ဟိုင်း ရဲ့ Fudan တက္ကသိုလ်မှ သုတေသနပညာရှင်တွေက ကြီးကြီးမားမား ခွဲစိတ်စရာ မလိုဘဲ အနည်းငယ် ခွဲစိတ်ပြီး အကြောသေနေသူတွေ သူတို့ရဲ့ ခြေထောက်ကို ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် လမ်းမလျှောက်နိုင်သူတွေဟာ လမ်းပြန်လျှောက်လာနိုင်ပါတယ်။

China's neurotechnology breakthrough challenges Elon Musk's verdict on paralysed patients | South China Morning Post

ပညာရှင်တွေက အလွန်သေးငယ်တဲ့ Electrode Chip ကို ဦးနှောက်နဲ့ ကျောရိုးမှာ ထည့်သွင်းပေးပြီး ဦးနှောက်နဲ့ ဆက်သွယ်မှု ပြတ်တောက်နေတဲ့ လမ်းကြောင်းတွေကို ပြန်လည် ဖွင့်ပေးနိုင်ခဲ့ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီး ၂၄ နာရီအတွင်းမှာ လူနာတွေဟာ သူတို့ရဲ့ ခြေထောက်တွေကို လှုပ်ရှားနိုင်ခဲ့ပါတယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သူတို့ဟာ အကူ မလိုဘဲ လမ်းလျှောက်နိုင်ခဲ့ပြီး အာရုံကြောတွေလည်း ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။

World-first: Paralyzed patients walk with China's brain-spinal chip

အသက် ၃၄ နှစ်အရွယ် အကြောသေနေသူ အမျိုးသား တစ်ယောက်ကို ဇန်နဝါရီလ ၈ ရက်နေ့မှာ ခွဲစိတ်မှုပြုလုပ်ပေးခဲ့ပါတယ်။ နောက်ရက်မှာ သူဟာ ခြေထောက်နှစ်ချောင်းလုံးကို မတင်နိုင်ခဲ့ပါတယ်။ ၁၄ ရက်အကြာမှာ သူဟာ ၅ မီတာ အကွာအဝေးကို လမ်းလျှောက်နိုင်ခဲ့ပါတယ်။ တခြား လူနာ သုံးယောက်ကို ဖေဖော်ဝါရီလမှာ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး မတ်လမှာ တိုးတက်မှုတွေကို တွေ့လာခဲ့ပါတယ်။

လပေါင်းများစွာကြာတဲ့ တခြား ကုထုံးတွေလို မဟုတ်ဘဲ ဒီနည်းလမ်းဟာ လူနာတွေကိုမြန်မြန် နာလန်ထစေပါတယ်။ သုတေသန ခေါင်းဆောင် Jia Fumin က တစ်နေ့မှာ ဒီကုထုံးကြောင့် အကြောသေနေသူတွေဟာ အကူ ကိရိယာတွေ မလိုဘဲ လမ်းလျှောက်နိုင်မယ်လို့ ပြောပါတယ်။

Ref : Technology Innovation

The post ကမ္ဘာ့ ပထမဆုံး အနေနဲ့ ဦးနှောက်ထဲ Chip ထည့်သွင်းပြီး အကြောသေနေသူတွေကို လမ်းလျှောက်နိုင်အောင် ပြုလုပ်ပေးခဲ့ appeared first on MyTech Myanmar.

Comments