
Elon Musk ရဲ့ Starlink က ငလျင်ဒဏ်ခံရတဲ့ မြန်မာ နဲ့ ထိုင်းနိုင်ငံအတွက် Starlink ဂြိုလ်တု အင်တာနက် ပံ့ပိုးပေးမယ်လို့ X လူမှုကွန်ရက်မှာ ကြေညာလိုက်ပါတယ်။
Starlink က X မှာ “ ထိုင်း နဲ့ မြန်မာမှာ ငလျင်ကြောင့် ေ-သဆုံး ပျက်ဆီးမှုတွေအတွက် အလွန် စိတ်မကောင်း ဖြစ်ရပါတယ်။ SpaceX အဖွဲ့က ဆက်သွယ်ရေး လိုအပ်တဲ့ နေရာတွေမှာ Starlink Kits တွေကို ပံ့ပိုးပေးဖို့ ပြင်ဆင်နေပြီး လိုအပ်တဲ့ အစိုးရ ခွင့်ပြုချက်ကို ရယူနေပါတယ်။ “ လို့ ရေးသားထားပါတယ်။
မတ်လ ၂၉ ရက် ည သတင်းအရ မြန်မာမှာ ငလျင်ကြောင့် ေ-သဆုံးသူ ၁,၆၄၄ ယောက်၊ ဒဏ်ရာရသူ ၃,၄၀၈ ယောက်နဲ့ ပျောက်ဆုံးသူ ၁၃၉ ယောက် ရှိတယ်လို့ သိရပါတယ်။
မြန်မာမှာ မတ်လ ၂၈ ရက်နေ့က ၇.၇ မဂ္ဂနီကျု အင်အားပြင် ငလျင် လှုပ်ခတ်ခဲ့ပြီး မြန်မာရဲ့ ဒုတိယ အကြီးဆုံး မန္တလေး မြို့မှာ ကြီးမားစွာ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။ အာဏာပိုင်တွေက လူဦးရေ ၁.၅ သန်းဝန်းကျင် ရှိတဲ့ မန္တလေးမှာ နေအိမ်နဲ့ ဘုရားကျောင်းတွေ အပါအဝင် အဆောက်အဦး ၂,၃၀၀ ဝန်းကျင် ပြိုကျပျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။
Ref : X
The post Elon Musk က ငလျင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံ အတွက် Starlink ဂြိုလ်တု အင်တာနက် ပံ့ပိုးပေးမည် appeared first on MyTech Myanmar.
Comments
Post a Comment