Xiaomi CEO Lei Jun ဟာ ၆ လွှာ ကနေ ဖရဲသီးကို ပစ်ချပြီး EV ကား Battery ကို စမ်းသပ်ပြခဲ့

Xiaomi CEO Lei Jun ဟာ ပုံမှန် မဟုတ်တဲ့ နည်းလမ်းနဲ့ EV ကား Battery Coating ရဲ့ မာကျောမှုကို စမ်းသပ်ပြခဲ့ပါတယ်။ သူဟာ အဲဒီ Coating နဲ့ အုပ်ထားတဲ့ ဖရဲသီးကို Xiaomi EV ကားစက်ရုံရဲ့ ၆ လွှာ ကနေ ပစ်ချပြခဲ့ပါတယ်။ ဖရဲသီးဟာ ကွဲသွားခြင်း မရှိဘဲ Coating ရဲ့ မာကျော အကြမ်းခံမှုကို သက်သေပြသနိုင်ခဲ့ပါတယ်။

အဲဒီ Coating ကို Xiaomi ရဲ့ စွမ်းရည်မြင့် လျှပ်စစ်ကား ဖြစ်တဲ့ Xiaomi SU7 Ultra ရဲ့ Battery Pack မှာ ထည့်သွင်း အသုံးပြုထားပါတယ်။ မကွဲအက်အောင်၊ မပေါက်ပြဲအောင် ဒီဇိုင်းထုတ်ထားတဲ့ အဲဒီ Coating ဟာ Battery လုံခြုံရေးကို တိုးတက်စေပါတယ်။ ကားတိုက်ရင်တောင် မကွဲထွက်သွားအောင် မာကျောပါတယ်။

Xiaomi 'bulletproof' EV battery coating survives watermelon drop test

Xiaomi SU7 Ultra မှာ 93.7 kWh CATL Battery ထည့်သွင်းထားပြီး 1,526 hp နဲ့ 1,770 Nm of torque ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ၁.၉၈ စက္ကန့်ထဲနဲ့ ၁ နာရီကို ၀ ကနေ ၁၀၀ ကီလိုမီတာ အမြန်နှုန်းကို ရစေပါတယ်။ အမြင့်ဆုံး အမြန်နှုန်းက ၁ နာရီကို ၃၅၉ ကီလိုမီတာ ဖြစ်ပါတယ်။ ၁၁ မိနစ်အတွင်း ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး အားအပြည့်သွင်းထားရင် ၆၂၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

Ref : Tech Explorers

The post Xiaomi CEO Lei Jun ဟာ ၆ လွှာ ကနေ ဖရဲသီးကို ပစ်ချပြီး EV ကား Battery ကို စမ်းသပ်ပြခဲ့ appeared first on MyTech Myanmar.

Comments