
Apple က အမေရိကန် နဲ့ တရုတ် ရဲ့ ကုန်သွယ်ရေး စစ်ပွဲကို ရှောင်ရှားဖို့အတွက် အမေရိကန်မှာ ရောင်းချတဲ့ iPhone အားလုံးကို ၂၀၂၆ ခုနှစ်မှာ အိန္ဒိယမှာ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ Apple ဟာ အရင်ကတော့ တရုတ်မှာ iPhone အများဆုံးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Apple ဟာ အိန္ဒိယမှာ iPhone ထုတ်လုပ်မှုကို လျှင်မြန်စွာ တိုးမြှင့်ရမှာ ဖြစ်ပါတယ်။
လက်ရှိမှာ Apple ဟာ အိန္ဒိယမှာ တစ်ကမ္ဘာလုံးအတွက် iPhone တွေကို ၂၀ ရာခိုင်နှုန်း ဝန်းကျင် ထုတ်လုပ်နေတာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၁၈ ဘီလီယမ် တန်ကြေးရှိ iPhone တွေကို အိန္ဒိယကနေ တင်ပို့ခဲ့ပါတယ်။ ကုန်ပစ္စည်း ထုတ်လုပ်သူတွေကို အခွန်လျှော့ချပေးတဲ့ အိန္ဒိယရဲ့ Production Linked Incentive (PLI) ကြောင့် Apple ဟာ အိန္ဒိယမှာ iPhone ထုတ်လုပ်မှုကို တိုးချဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။
Apple ရဲ့ အိန္ဒိယမှ ပါတနာတွေ ဖြစ်တဲ့ Foxconn, Tata Electronics နဲ့ Pegatron တို့ဟာ အိန္ဒိယရဲ့ အခွန်လျှော့ချပေးမှုကြောင့် အကျိုးအမြတ်တွေ ရရှိကြမှာ ဖြစ်ပါတယ်။ Apple ဟာ အိန္ဒိယမှာ Supplier တွေ များပြားအောင် ပြုလုပ်နေပေမယ့် တရုတ်မှာတော့ အများဆုံး ဖြစ်နေပါတယ်။
အိန္ဒိယမှာ အခွန် နည်းပါးတဲ့အတွက် iPhone ထုတ်လုပ်တဲ့ ကုန်ကျစားရိတ်ဟာ တရုတ်ထက် ပိုမို သက်သာသွားမှာ ဖြစ်ပါတယ်။
Ref : Tech Explorers
The post Apple က အမေရိကန်မှာ ရောင်းချတဲ့ iPhone အားလုံးကို အိန္ဒိယမှာ ထုတ်လုပ်မည် appeared first on MyTech Myanmar.
Comments
Post a Comment