
ဂျပန်ရဲ့ ထိပ်တန်း စက်ရုပ်ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Ugo က AI Nose နည်းပညာပါတဲ့ Ainos လူတူစက်ရုပ်ကို တီထွင်လိုက်ပါတယ်။
AI Nose မှာ အနံ့တွေကို ခွဲခြမ်းစိတ်ဖြာပြီး Digital “Smell ID” အဖြစ် ပြောင်းလဲဖို့အတွက် Gas Sensors နဲ့ AI ကို အသုံးပြုထားပါတယ်။ အဲဒီအတွက် စက်ရုပ်ဟာ လူသားတွေလိုပဲ အနံ့တွေကို သိရှိနားလည်ပါတယ်။
နောက်တစ်ဆင့် အနေနဲ့ စက်ရုပ်ကို လက်တွေ့ ကမ္ဘာမှာ အသုံးချဖို့ တီထွင်ကြမှာ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ အနံ့တွေကို ရရင် စက်ရုပ်က လူသားတွေထံ ချက်ချင်း သတင်းပို့နိုင်အောင် ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ နေအိမ်မှာ ဂတ်စ် ယိုစိမ့်တာ ၊ မီးလောင်တာတွေကို စက်ရုပ်က သိရှိနိုင်ပြီး နေအိမ်ပိုင်ရှင်ကို ချက်ချင်း သတင်းပို့နိုင်အောင် ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
အဲဒီစက်ရုပ်ကို လူသားတွေအတွက် လုံခြုံရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ အသုံးပြုဖို့ တီထွင်မှာ ဖြစ်ပါတယ်။
အဲဒီစက်ရုပ်ဟာ လူသားတွေရဲ့ အသက်များစွာကို ကယ်တင်နိုင်အောင် ပညာရှင်တွေက တီထွင်ကြမှာ ဖြစ်ပါတယ်။
Ref : Technology Innovation
The post ဂျပန်က အနံ့ခံ အာရုံကောင်းတဲ့ စက်ရုပ်ကို တီထွင် appeared first on MyTech Myanmar.
Comments
Post a Comment