Elon Musk ကို ယုံစားမိလို့ ရေနစ်သွားတဲ့ Tesla Cybertruck

Elon Musk က Tesla Cybertruck ကို မော်တော်ဘုတ်လို သုံးနိုင်ပြီး မြစ်တွေကို ဖြတ်ကူးနိုင်တယ်လို့ ပြောထားပါတယ်။ အခုတော့ ကယ်လီဖိုးနီးယား၊ Truckee မှ ဒေါ်လာ ၁ သိန်းတန် Cybertruck ပိုင်ရှင် တစ်ယောက်ဟာ Elon Musk ကို ယုံစားမိလို့ ကား ရေနစ်သွားပါတယ်။

An Owner Just Tested Musk's Claim That The Cybertruck Can Float

Musk က Tesla ကားတွေဟာ ရေပေါ်မှာ အချိန်အနည်းကြာ သွားနိုင်တယ်လို့ မကြာခဏ ပြောထားပါတယ်။ ဒါပေမယ့် Tesla ရဲ့ အာမခံထဲမှာ ရေကြောင့် ပျက်ဆီးမှုကို မပေးထားပါဘူး။ Musk ကတော့ Cybertruck ဟာ မြစ်၊ ရေကန်နဲ့ ငြိမ်သက်တဲ့ ပင်လယ်ကို ဖြတ်ကူးနိုင်အောင် ရေလုံတယ်လို့ပြောထားပါတယ်။

Tesla Cybertruck rescued after Elon Musk says it works 'as a boat' | The Independent

Tesla က Cybertruck မှာ Wade Mode ကို ထည့်သွင်းထားပြီး အချိန်အနည်းငယ် ရေကို ဖြတ်ကူးဖို့ ကားကို မြှင့်တင်ပေးပြီး ဘက်ထရီကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် Tesla ဟာ ရေကြောင့် ပျက်ဆီးမှုကို အာမခံထဲမှာ မထည့်ပေးထားပါဘူး။

ဒီသတိပေးချက်ကို လျစ်လျှူရှုပြီး Cybertruck ပိုင်ရှင်ဟာ Wade Mode ကို အသုံးပြုပြီး ရေကို ဖြတ်ကူးတာကြောင့် အခုလို ရေနစ်သွားတာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား အဝေးပြေးလမ်း အာဏာပိုင်တွေက အဲဒီကားကို ဆယ်ယူပေးခဲ့ပြီး Wade Mode ဟာ ရေငုပ်သင်္ဘော Mode မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

အဲဒီကားရဲ့ ပျက်ဆီးမှု အကြောင်းကို မသိရသေးပေမယ့် Cybertruck ကို ပြင်ဆင်ရင် အလွန် ကုန်ကျစားရိတ် ကြီးမားပါတယ်။ အရင်ကလည်း Cybertruck ရေနစ်တဲ့ အဖြစ်အပျက် ရှိခဲ့ဖူးပါတယ်။

Ref : Tech Explorers

The post Elon Musk ကို ယုံစားမိလို့ ရေနစ်သွားတဲ့ Tesla Cybertruck appeared first on MyTech Myanmar.

Comments