
ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ သက်တမ်း ရက် ၁၀၀ မှာ အမေရိကန် နည်းပညာကုမ္ပဏီကြီး ၄ ခုရဲ့ စတော့ ဈေးနှုန်းတွေဟာ ကျဆင်းခဲ့ပြီး အမေရိကန် နည်းပညာ သူဌေးတွေရဲ့ ကြွယ်ဝချမ်းသာမှုဟာလည်း ကျဆင်းခဲ့ပါတယ်။
Tesla CEO Elon Musk , Amazon တည်ထောင်သူ Jeff Bezos , Meta CEO Mark Zuckerberg နဲ့ Nvidia CEO Jensen Huang တို့ဟာ ဒေါ်လာ ၁၉၅ ဘီလီယမ်နီးပါး ဆုံးရှုံးခဲ့ပါတယ်။
Musk ဟာ အထိအနာဆုံး ဖြစ်ပြီး ဒေါ်လာ ၁၁၄ ဘီလီယမ် ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကမ္ဘာ့ အချမ်းသာဆုံး လူသား ဖြစ်နေပါသေးတယ်။ Amazon ရှယ်ယာတွေနဲ့ အများစု သက်ဆိုင်နေတဲ့ Bezos ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၃၆ ဘီလီယမ် ကျဆင်းသွားပါတယ်။
Meta Platforms ရဲ့ တည်ထောင်သူ Zuckerberg နဲ့ Nvidia CEO Jensen Huang တို့ရဲ့ ကြွယ်ဝချမ်းသာမှုတွေဟာလည်း ကျဆင်းသွားပါတယ်။ ထရမ့်က Chip တွေကို တရုတ်ကို တင်ပို့ခွင့် ကန့်သတ်လိုက်တဲ့အတွက် Nvidia ရှယ်ယာတန်ဖိုးဟာ ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၅.၅ ဘီလီယမ် ဆုံးရှုံးသွားပါတယ်။
Ref : Yahoo
The post ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ သက်တမ်း ရက် ၁၀၀ မှာ Elon Musk ဟာ ဒေါ်လာ ၁၁၄ ဘီလီယမ် ဆုံးရှုံးသွား appeared first on MyTech Myanmar.
Comments
Post a Comment