
Google ရဲ့ မိခင်ကုမ္ပဏီ Alphabet CEO Sundar Pichai က Waymo ဟာ မောင်းသူမဲ့ ကားတွေကို ရောင်းချမယ်လို့ အရိပ်အမြွက်ပြောကြားပြီးနောက် ၂ ရက်အတွင်းမှာပဲ ကုမ္ပဏီဟာ မောင်းသူမဲ့ ကားတွေ ထုတ်လုပ်ဖို့ တိုယိုတာနဲ့ ပူးပေါင်းလိုက်ပါတယ်။ ကုမ္ပဏီ ၂ ခုဟာ အဆင့်မြင့် မောင်းသူမဲ့ ကား နည်းပညာတွေကို တီထွင်ဖို့ သဘောတူညီလိုက်ပါတယ်။
Waymo ရဲ့ မောင်းသူမဲ့ နည်းပညာ ပါတဲ့ ကားတွေကို ရောင်းချဖို့အတွက် ကုမ္ပဏီ ၂ ခုက ရည်ရွယ်ထားပါတယ်။ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပေမယ့် Waymo ရဲ့ မောင်းသူမဲ့ နည်းပညာမှာ ကျွမ်းကျင်မှုနဲ့ တိုယိုတာရဲ့ ကားထုတ်လုပ်နိုင်တဲ့ စွမ်းရည်ကို ပေါင်းစပ်မှာ ဖြစ်ပါတယ်။
Waymo ဟာ လက်ရှိမှာ အဆင့်မြင့် ဆန်ဆာတွေ တပ်ဆင်ထားတဲ့ Jaguar I-Pace ကားတွေကို အသုံးပြုပြီး San Francisco, Los Angeles, Phoenix နဲ့ Austin မှာ မောင်းသူမဲ့ တက္ကစီတွေကို ပြေးဆွဲပေးနေပါတယ်။ အဆင့်မြင့် ကားတွေကြောင့် နာမည်ကြီးတဲ့ တိုယိုတာ ဟာ သူ့ရဲ့ ကားတွေမှာ Waymo ရဲ့ မောင်းသူမဲ့ နည်းပညာကို ထည့်သွင်းမှာ ဖြစ်ပါတယ်။ ကား Brand အသစ်ကိုတောင် ဖန်တီးနိုင်ပါတယ်။
Tesla ဟာလည်း ကိုယ်ပိုင် မောင်းသူမဲ့ တက္ကစီတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေပေမယ့် Waymo နဲ့ တိုယိုတာ တို့ ပူးပေါင်းမှုကြောင့် မောင်းသူမဲ့ ကားတွေဟာ မျှော်လင့်ထားတာထက် စောစီးစွာ ထွက်လာနိုင်ပါတယ်။
Ref : Tech Explorers
The post Google နဲ့ တိုယိုတာ ပူးပေါင်းပြီး မောင်းသူမဲ့ကားတွေ ထုတ်လုပ်မည် appeared first on MyTech Myanmar.
Comments
Post a Comment