SD 8 Elite ပါတဲ့ Moto Razr 60 Ultra ကို ကြေညာ

Motorola က Flip Foldable ဖြစ်တဲ့ Razr 60 Ultra  ကို ကြေညာလိုက်ပါတယ်။ Cover Display က 4” P-OLED ဖြစ်ပြီး Gorilla Glass Ceramic နဲ့ ကာကွယ်ထားပါတယ်။ 3,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Main Display က 7” 1224p+ LTPO ဖြစ်ပြီး 165Hz Refresh Rate , 4000 Nits Peak Brightness ပါပါတယ်။

Moto Razr 60 Ultra arrives with IP48 rating, SD 8 Elite chipset and a larger battery, Razr 60 follows - GSMArena.com news

Snapdragon 8 Elite တပ်ထားပြီး 16GB LPDDR5X RAM နဲ့ 512GB UFS 4.0 Storage အထိ ထည့်သွင်းထားပါတယ်။ Android 15 မောင်းနှင်မှာ ဖြစ်ပါတယ်။  4,700mAh Battery ပါလာပြီး 68W Wired နဲ့ 30W Wireless Charging ထည့်သွင်းထားပါတယ်။

The Motorola Razr 60 Ultra is powered by the Snapdragon 8 Elite

Main ကင်မရာက 50MP ဖြစ်ပြီး PDAF, OIS ပါလာပါတယ်။ 8K Video တွေရိုက်ကူးနိုင်ပါတယ်။ 50MP Ultrawide ကင်မရာ အပို ထည့်ပေးထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 50MP ဖြစ်ပါတယ်။ ဖုန်းကို ကားသော့ အဖြစ် သုံးနိုင်တဲ့ Android Digital Car Key Feature ပါလာပါတယ်။

Rio Red, Scarab, Mountain Trail နဲ့ Cabaret အရောင် ၄ ရောင်ထုတ်လုပ်ထားပါတယ်။ Moto Razr 60 Ultra ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ဒေါ်လာ ၁,၃၀၀ က စပါတယ်။ ကနေဒါမှာ မေလ ၇ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

The post SD 8 Elite ပါတဲ့ Moto Razr 60 Ultra ကို ကြေညာ appeared first on MyTech Myanmar.

Comments