ကား Show Room မှာ ကားရောင်းပေးနေတဲ့ AI လူတူစက်ရုပ်

တရုတ် ကား ကုမ္ပဏီ Chery က သူ့ရဲ့ AiMOGA Platform ကနေ တည်ဆောက်ထားတဲ့ Mornine လူတူစက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ Mornine ဟာ အခုဆိုရင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ကား Show Room မှာ ကားတွေကို ရောင်းချပေးနေပြီး ဉာဏ်ရည်မြင့်မားတဲ့အတွက် ကားဝယ်သူတွေကို တိုင်ပင်ဆွေးနွေးပေးနိုင်ပါတယ်။ ဘာသာစကားများစွာကို ပြောတတ်ပြီး ကားတွေကို ပြသပေးနိုင်ပါတယ်။ ဝယ်ယူသူတွေအတွက် အကူအညီများစွာ ပေးနိုင်ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဝန်ဆောင်မှုပေးနိုင်ပါတယ်။

Meet Mornine, the AI-powered humanoid that will revolutionise car-buying experiences | Life

Mornine ကို အစပိုင်းက Gen Z တွေနဲ့ စကားပြောနိုင်တဲ့ Virtual Character အနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပြီး အခုတော့ AI နည်းပညာ ပါတဲ့ စက်ရုပ် အဖြစ် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ စက်ရုပ်မှာ အဆင့်မြင့် ဆန်ဆာတွေ တပ်ဆင်ထားပြီး လူသားတွေလိုမျိုး လှုပ်ရှားသွားလာနိုင်ပါတယ်။ မတူညီတဲ့ ဘာသာစကားတွေကို ပြောနိုင်ပြီး အလုပ်များတဲ့ အချိန်မှာ တခြား စက်ရုပ်တွေနဲ့ အတူတကွ ပူးပေါင်း အလုပ်လုပ်နိုင်ပါတယ်။

AI-powered robot salesperson could be coming to UK showrooms

Mornine ကို လက်ရှိမှာ ရှန်ဟိုင်း မော်တော်ကား ပြပွဲ ၂၀၂၅ မှာ ပြသထားပါတယ်။ စက်ရုပ်မှာ AI ၊ စက်ရုပ်နည်းပညာနဲ့ ကား နည်းပညာတွေ ပေါင်းစပ် ထည့်သွင်းထားပါတယ်။ ကား ဝယ်ယူသူတွေအတွက် အကောင်းဆုံး အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။

Ref : Tech Explorers

The post ကား Show Room မှာ ကားရောင်းပေးနေတဲ့ AI လူတူစက်ရုပ် appeared first on MyTech Myanmar.

Comments