
Tesla က အော်စတင် နဲ့ Bay Area မှာ ဝန်ထမ်းတွေကို သယ်ယူပို့ဆောင်ပေးဖို့ မောင်းသူမဲ့ ကားတွေကို စမ်းသပ်ပြေးဆွဲပေးလိုက်ပါတယ်။ Tesla ရဲ့ မောင်းသူမဲ့ ကားတွေဟာ ခရီးစဉ် ၁,၅၀၀ ကျော်နဲ့ မိုင် ၁၅,၀၀၀ ကျော်ကို စမ်းသပ်မောင်းနှင်ပြီး ဖြစ်ပါတယ်။
Elon Musk က ကုမ္ပဏီဟာ အစပိုင်းမှာ Model Y မောင်းသူမဲ့ကားတွေကို အသုံးပြုမှာ ဖြစ်ပြီး နောက်ပိုင်းမှာ မောင်းသူမဲ့ ကားစစ်စစ် ဖြစ်တဲ့ Cybercab ကို မိတ်ဆက်မယ်လို့ ပြောပါတယ်။ Tesla Cybercab ကို ၂၀၂၅ ခုနှစ်မှာ အမြောက်အများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Tesla ဟာ လက်ရှိမှာ ကားရောင်းအားကျဆင်းနေပြီး ရင်းနှီးမြှပ်နှံသူတွေရဲ့ ယုံကြည်မှု နည်းပါးနေပါတယ်။ ဒါပေမယ့်လည်း Tesla ဟာ သူ့ရဲ့ မောင်းသူမဲ့ ကား စီးပွားရေးလုပ်ငန်းဟာ အောင်မြင်မယ်လို့ ယုံကြည်ထားပါတယ်။
Tesla Cybercab ဟာ လူနှစ်ဦးစီး လျှပ်စစ်ကား အမျိုးအစားသစ်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Tesla ရဲ့ “We, Robot” အခမ်းအနားတွင် ပွဲထုတ်ပြသခဲ့ပါတယ်။ Cybercab မှာ စတီယာရင်ဘီး သို့မဟုတ် ခြေနင်း များပါဝင်မည်မဟုတ်ဘဲ အလိုအလျောက်သာ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
Ref : Fossbytes
The post Tesla က မောင်းသူမဲ့ ကားတွေကို စမ်းသပ်ပြီ appeared first on MyTech Myanmar.
Comments
Post a Comment