လေ ကနေ ဓါတ်ဆီ ထုတ်လုပ်နိုင်တဲ့ စက်ကို နယူးယောက် ကုမ္ပဏီ တီထွင်

နယူးယောက်မြို့အခြေစိုက် အဲယားဆဲလား (Aircela) ကုမ္ပဏီအသစ်က လေထုကနေ တိုက်ရိုက် သန့်စင်ပြီး ကာဗွန်ကင်းလွတ်တဲ့ ဓာတ်ဆီထုတ်လုပ်နိုင်တဲ့ ရေခဲသေတ္တာအရွယ်အစားလောက်ရှိတဲ့ သေးငယ်ကျစ်လစ်တဲ့ စက်တစ်လုံးကို တီထွင်ထုတ်လုပ်လိုက်ပါတယ်။

US startup unveils fridge-sized machine that makes gasoline out of thin air

အဲဒီစက်က လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) ကို တိုက်ရိုက်ဖမ်းယူပြီး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ရေလျှပ်စစ်ခွဲထုတ်တာကနေ ရရှိတဲ့ ဟိုက်ဒရိုဂျင်နဲ့ ပေါင်းစပ်ပြီး လောင်စာဆီအဖြစ် ဖန်တီးထုတ်လုပ်ပါတယ်။

This Machine Extracts Gasoline From Thin Air… And It Could Literally Topple Economies - Yanko Design

အဲဒီဓာတ်ဆီက ဆာလဖာ၊ အီသနောနဲ့ သတ္တုလေးတွေ ကင်းစင်ပြီး၊ လက်ရှိအသုံးပြုနေတဲ့ ဘယ်အင်ဂျင်မှာမဆို ယာဉ်တွေနဲ့ လောင်စာဆီစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့မလိုဘဲ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ကြီးမားတဲ့ ဓာတုလောင်စာဆီစက်ရုံကြီးတွေနဲ့မတူဘဲ အဲယားဆဲလားရဲ့ သေးငယ်ပြီး အစိတ်အပိုင်းတွေဖြုတ်တပ်နိုင်တဲ့ အဲဒီစနစ်ကို ဘယ်နေရာမှာမဆို တပ်ဆင်ပြီး လိုအပ်တဲ့နေရာမှာပဲ လောင်စာဆီ ထုတ်လုပ်နိုင်တဲ့အတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုတွေကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ အခြေခံအဆောက်အအုံတွေ အဆင့်မြှင့်တင်ဖို့မလိုဘဲ ရုပ်ကြွင်းလောင်စာကင်းစင်တဲ့ လောင်စာဆီကို လိုအပ်တဲ့ စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိကထားပြီး ၂၀၂၅ ခုနှစ် ဆောင်းဦးရာသီမှာ အဲဒီစက်တွေကို စတင်ဖြန့်ကျက်တပ်ဆင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref : Technology Innovation

The post လေ ကနေ ဓါတ်ဆီ ထုတ်လုပ်နိုင်တဲ့ စက်ကို နယူးယောက် ကုမ္ပဏီ တီထွင် appeared first on MyTech Myanmar.

Comments