
Realme ရဲ့ နောက်ထွက်ရှိလာမယ့် flagship ဖုန်းဖြစ်တဲ့ GT 7 ဟာ မိုဘိုင်းဖုန်းတစ်လုံးပေါ်မှာ ရုပ်ရှင်ဆက်တိုက်ကြည့်ရှုနိုင်မှုအကြာဆုံးအတွက် Guinness ကမ္ဘာ့စံချိန်သစ်တင်လိုက်ကြောင်း သိရပါတယ်။ အဲဒီဖုန်းဟာ ၂၄ နာရီကြာ ရုပ်ရှင်ဆက်တိုက်ဖွင့်ပြနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီစံချိန်တင်နိုင်ခဲ့မှုကို ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ Guinness World Records ရဲ့ တရားဝင်ကိုယ်စားလှယ်တစ်ဦးက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဲဒီစံချိန်တင်ကြိုးပမ်းမှုကို Realme ကုမ္ပဏီရဲ့ “Endless Power Journey” လို့အမည်ပေးထားတဲ့ ဥရောပ ခရုစ်သင်္ဘောခရီးစဉ်အတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီခရီးစဉ်ကို အီတလီနိုင်ငံ၊ ရောမမြို့ကနေ စတင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ဆက်တိုက်ပြသတဲ့ အစီအစဉ်ကိုတော့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။
Realme ရဲ့အဆိုအရ ဒီလိုမျိုး စွမ်းဆောင်ရည်ပြသနိုင်ခဲ့တာဟာ GT 7 မှာပါဝင်တဲ့ ကြီးမားတဲ့ ဘက်ထရီ (သတင်းတွေအရ 7000mAh ဖြစ်နိုင်ကြောင်း ဖော်ပြပါတယ်)၊ အဆင့်မြင့် ပါဝါစီမံခန့်ခွဲမှုစနစ်၊ ပြီးတော့ အပူထိန်းစနစ်တွေရဲ့ ပံ့ပိုးမှုကြောင့် ဖြစ်ပါတယ်လို့ သိရပါတယ်။ အချို့သတင်းရင်းမြစ်တွေအရ အဲဒီဖုန်းမှာ 120W အမြန်အားသွင်းစနစ်လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။
Realme GT 7 series ကို ကမ္ဘာ့ဈေးကွက်နဲ့ အိန္ဒိယဈေးကွက်အတွက် ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့ (ဒီကနေ့) မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ မိတ်ဆက်ပြီးတဲ့နောက်မှာ Realme GT 7 နဲ့ GT 7T မော်ဒယ်တွေကို realme.com, Amazon.in နဲ့ အခြားလက်လီဆိုင်တွေကနေတစ်ဆင့် ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။
Ref : Gizmochina
The post Realme GT 7 ဖုန်းဟာ ၂၄ နာရီ ဆက်တိုက် ရုပ်ရှင် ကြည့်ရှုနိုင်မှုနဲ့ Guinness ကမ္ဘာ့စံချိန်တင်သွား appeared first on MyTech Myanmar.
Comments
Post a Comment