
အလီဘာဘာ (Alibaba) က အစာအိမ်ကင်ဆာကို CT Scan တွေကနေတစ်ဆင့် စောစောစီးစီး သိရှိနိုင်တဲ့ GRAPE ဆိုတဲ့ နာမည်နဲ့ အစွမ်းထက် AI မော်ဒယ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီနည်းပညာသစ်က လူနာတွေအတွက် မသက်မသာဖြစ်လို့ ရှောင်လေ့ရှိတဲ့ အစာအိမ်ထဲကို မှန်ပြောင်းထည့်စစ်ဆေးတဲ့ (endoscopy) နည်းလမ်းအစားထိုး အခြားရွေးချယ်စရာတစ်ခု ဖြစ်လာပါတယ်။
GRAPE နည်းပညာကို Zhejiang ကင်ဆာဆေးရုံနဲ့ ပူးပေါင်းပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Nature Medicine မှာ ထုတ်ပြန်ခဲ့တဲ့ လက်တွေ့လေ့လာမှုရလဒ်တွေအရ၊ အဲဒီ AI က ကင်ဆာရောဂါရှိသူကို မှန်မှန်ကန်ကန် သိရှိနိုင်စွမ်း (sensitivity) ၈၅.၁% နဲ့ ရောဂါမရှိသူကို မှန်မှန်ကန်ကန် သိရှိနိုင်စွမ်း (specificity) ၉၆.၈% အထိ ရရှိခဲ့ပါတယ်။ ဒါဟာ ကင်ဆာအကြိုအဆင့်ကို ရှာဖွေတဲ့နေရာမှာ လူသားဓါတ်မှန်ပညာရှင်တွေထက် ၂၀% ကျော် ပိုပြီးသာလွန်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။
အဲဒီ AI စနစ်ကို တရုတ်နိုင်ငံရဲ့ Zhejiang နဲ့ Anhui ပြည်နယ်တွေမှာ လူအများအတွက် ကင်ဆာရောဂါစစ်ဆေးမှုတွေမှာ မကြာခင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အဲဒီအောင်မြင်မှုက အလီဘာဘာက အရင်က ပန်ကရိယကင်ဆာကို CT Scan နဲ့ ရှာဖွေနိုင်တဲ့ AI နည်းပညာကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီးတဲ့နောက်မှာ ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref : Tech Explorers
The post အစာအိမ်ကင်ဆာကို စောစောစီးစီး သိနိုင်တဲ့ ကမ္ဘာ့ပထမဆုံး AI appeared first on MyTech Myanmar.
Comments
Post a Comment