ဆားပွင့်ထက်သေးငယ်တဲ့ ကမ္ဘာ့ အသေးဆုံး ကွန်ပြူတာ

ဝါရှင်တန်တက္ကသိုလ်က အင်ဂျင်နီယာတွေဟာ ဆားပွင့်တစ်ပွင့်ထက်တောင်သေးငယ်တဲ့ ကမ္ဘာ့အသေးဆုံး ကွန်ပျူတာတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ချပြခဲ့ပါတယ်။ သူဟာ တကယ်ဆန်းသစ်တဲ့ နည်းပညာလို့ပြောနိုင်စေတဲ့အချက်က ဘာလဲ။ သူ့မှာ ဘက်ထရီမလိုပါဘူး။ ဒီအလွန်သေးငယ်တဲ့ စက်ပစ္စည်းလေးဟာ လေထဲမှာရှိနေပြီးသား Wi-Fi၊ ဆယ်လူလာတိုင်တွေနဲ့ ရေဒီယိုအသံလွှင့်ဌာနတွေကလာတဲ့ မမြင်နိုင်တဲ့ ရေဒီယိုလှိုင်းတွေကနေပဲ သူ့အတွက်လိုအပ်တဲ့စွမ်းအင်ကို ရယူသုံးစွဲပါတယ်။

This Is The World's Smallest PC, Smaller Than A Single Grain Of Salt & Fast As A 1990s Computer

 လေထဲကရတဲ့စွမ်းအင်၊ အရာတိုင်းမှာရှိမယ့် ဉာဏ်ရည်

ဒီစက်ပစ္စည်းလေးဟာ ပတ်ဝန်းကျင်မှ ရေဒီယိုလှိုင်းများကို ပြန်လည်အသုံးချတဲ့ (ambient backscatter) နည်းပညာ ကို အသုံးပြုထားပါတယ်။ ဆိုလိုတာက သူကိုယ်တိုင် စွမ်းအင်သုံးပြီး အချက်ပြလှိုင်းတွေထုတ်လွှင့်မယ့်အစား၊ သူ့အနီးအနားမှာရှိနေပြီးသား ရေဒီယိုလှိုင်းတွေကို ပြန်ဟပ်ပြီး ပြုပြင်ပြောင်းလဲကာ အချက်ပြပေးပို့တာဖြစ်ပါတယ်။

သူ့ရဲ့ စွမ်းအင်အသုံးနည်းတဲ့ Transistor တွေက အချက်ပြလှိုင်းတွေရှိနေမှသာ အသက်ဝင်လာပြီး ပိုးစုန်းကြူးလေးတွေလိုပဲ မှိတ်တုတ်မှိတ်တုတ်နဲ့ စွမ်းအင်ကို အသုံးပြုပါတယ်။ ဒီလိုသေးငယ်ပေမယ့်လည်း ဒီဆီလီကွန်အမှုန်လေးဟာ အလင်း၊ လှုပ်ရှားမှုနဲ့ အပူချိန်တို့ကို အာရုံခံနိုင်ပြီး ဒေတာအနည်းငယ်ကိုလည်း ပေးပို့နိုင်ပါတယ်။ ဒါကြောင့် သူဟာ ပတ်ဝန်းကျင်လောကအတွက် ဘက်ထရီမလို၊ ဝိုင်ယာကြိုးမလိုတဲ့ အာရုံခံစနစ်တစ်ခု ဖြစ်လာပါတယ်။

An even smaller world's smallest 'computer'

 မမြင်နိုင်တဲ့ ကွန်ပျူတာစနစ်တွေရဲ့ ထွန်းကားလာမှု

ဒီအံ့ဩဖွယ်ရာ အသေးစားတီထွင်မှုဟာ စမတ်မြို့တော်တွေနဲ့ လျှို့ဝှက်ထောက်လှမ်းရေးစနစ်တွေအတွက် လမ်းစတစ်ခုကို ဖွင့်ပေးလိုက်တာပါပဲ။ သန်းပေါင်းများစွာသော ကိုယ်တိုင်စွမ်းအင်ရယူနိုင်တဲ့ စက်ပစ္စည်းလေးတွေက တံတားတွေရဲ့ကြံ့ခိုင်မှု၊ အစားအစာလတ်ဆတ်မှု၊ မြေဆီလွှာကျန်းမာရေးနဲ့ ယာဉ်ကြောအခြေအနေတွေကို ဝိုင်ယာကြိုးမလို၊ ပြုပြင်ထိန်းသိမ်းမှုမလိုဘဲ စောင့်ကြည့်ပေးနိုင်တော့မှာပါ။

လေထဲမှာလွင့်မျောနေမယ့် မိုးလေဝသအာရုံခံကိရိယာတွေကနေ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို အချိန်နဲ့တပြေးညီစောင့်ကြည့်ပေးနိုင်တဲ့ အဝတ်အစားတွေအထိ၊ ကွန်ပျူတာနည်းပညာရဲ့အနာဂတ်ဟာ ကျွန်တော်တို့ မမြင်နိုင်လောက်တဲ့အထိ သေးငယ်သွားနေပါပြီ။

ဒါဟာ သိပ္ပံရုပ်ရှင်မဟုတ်တော့ပါဘူး။ တကယ်တမ်း အသက်ဝင်နေပါပြီ။

Ref : Tech Brief

The post ဆားပွင့်ထက်သေးငယ်တဲ့ ကမ္ဘာ့ အသေးဆုံး ကွန်ပြူတာ appeared first on MyTech Myanmar.

Comments