အဲကွန်း မလိုတော့ဘူး။ အခန်းကို အေးမြစေတဲ့ အိမ်သုတ်ဆေး လာပြီ

ပူအိုက်စွတ်စိုတဲ့ ရာသီဥတုဒဏ်ကို အပြည့်အဝခံစားနေရတဲ့ မြို့ပြတွေအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်တစ်ခု ထွက်ပေါ်လာပါပြီ။ စင်္ကာပူနိုင်ငံမှ သိပ္ပံပညာရှင်များဟာ အပူချိန်ကို အံ့မခန်းလျှော့ချပေးနိုင်တဲ့ ဆန်းသစ်တဲ့ အဖြူရောင်ဆေးတစ်မျိုးကို အောင်မြင်စွာ တီထွင်လိုက်ပါတယ်။ ဒီဆေးရဲ့ အဓိကထူးခြားချက်ကတော့ လူသားတွေပူလာရင် ချွေးထွက်ပြီး ခန္ဓာကိုယ်ကို အေးမြစေသလို သူကိုယ်တိုင်လည်း ‘ချွေးထွက်’ နိုင်တာပါပဲ။

16,800+ Man Painting White Wall Stock Photos, Pictures & Royalty-Free Images - iStock

ဒီဆန်းသစ်တဲ့ နည်းပညာကြောင့် အိမ်တွင်းအပူချိန်ကို သိသိသာသာကျဆင်းစေပြီး အဲကွန်းသုံးစွဲမှုကို ၄၀% အထိ လျှော့ချပေးနိုင်မယ်လို့ သိရပါတယ်။

How to Paint a Wall Yourself with 10 Easy Steps - Nerolac

ဘယ်လိုအလုပ်လုပ်သလဲ?

ဒီဆေးဟာ သာမန်ဆေးတွေနဲ့ လုံးဝမတူပါဘူး။ ဘိလပ်မြေကို အခြေခံထုတ်လုပ်ထားပြီး ရေကိုထိန်းသိမ်းထားနိုင်တဲ့ သေးငယ်တဲ့ ချွေးပေါက်လို အပေါက်ငယ်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပတ်ဝန်းကျင်က ပူပြင်းလာတဲ့အခါ ဒီဆေးက သိုလှောင်ထားတဲ့ရေကို ဖြည်းညှင်းစွာ ပြန်လွှတ်ထုတ်ပြီး ရေငွေ့ပျံခြင်းကတစ်ဆင့် ပတ်ဝန်းကျင်ကို အေးမြစေပါတယ်။

ဒါ့အပြင် နေရောင်ခြည်ကို ၈၈% မှ ၉၂% အထိ အားကောင်းကောင်း ပြန်လွှတ်ထုတ်နိုင်ပြီး အပူစုပ်ယူမှုကို အမြင့်ဆုံးတားဆီးပေးပါတယ်။ ဒီလို အစွမ်းထက်တဲ့ နည်းလမ်းသုံးသွယ် (နေရောင်ခြည်ကာကွယ်ခြင်း၊ အပူပြန်ထုတ်လွှတ်ခြင်း၊ ချွေးထွက်၍အေးမြစေခြင်း) ကို ပေါင်းစပ်ထားတာကြောင့် အထူးသဖြင့် စိုထိုင်းဆများတဲ့ ဒေသတွေမှာ အလွန်ထိရောက်မှုရှိတာကို တွေ့ရပါတယ်။

လက်တွေ့ကမ္ဘာမှ သက်သေ

ဒီဆေးရဲ့ စွမ်းဆောင်ရည်ကို သက်သေပြဖို့အတွက် စင်္ကာပူနိုင်ငံရှိ လူနေအိမ်အချို့မှာ လက်တွေ့သုတ်လိမ်း စမ်းသပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု သိသိသာသာကျဆင်းသွားတာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အပူပိုင်းဒေသရဲ့ နေဒဏ်မိုးဒဏ်ကို နှစ်နှစ်ကြာခံပြီးနောက်မှာတောင် ဆေးရဲ့အဖြူရောင်ဟာ မူလအတိုင်း တောက်ပဖြူစင်နေဆဲဖြစ်တာက သူ့ရဲ့ကြာရှည်ခံမှုကို သက်သေပြနေပါတယ်။

ဒီတီထွင်မှုဟာ အိမ်ထောင်စုတွေရဲ့ လျှပ်စစ် သုံးစွဲမှုကို သက်သာစေရုံသာမက၊ ကွန်ကရစ်တောတောင်တွေလိုဖြစ်နေတဲ့ မြို့ပြကြီးတွေရဲ့ အပူချိန်ကိုလျှော့ချပေးတဲ့ (Urban Heat Island Effect) ပြဿနာကို ဖြေရှင်းရာမှာပါ အရေးပါတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။

Ref : Fossbytes

The post အဲကွန်း မလိုတော့ဘူး။ အခန်းကို အေးမြစေတဲ့ အိမ်သုတ်ဆေး လာပြီ appeared first on MyTech Myanmar.

Comments