သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကအတိုင်း သင့်အိပ်မက်တွေကို ပြန်ကြည့်လို့ရမယ့် နည်းပညာထွက်ပေါ်လာ

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာပဲ မြင်တွေ့ခဲ့ရတဲ့ နည်းပညာတစ်ခုဟာ အခုတော့ လက်တွေ့ဘဝထဲကို တစ်ကယ်ရောက်ရှိလာပါပြီ။ သုတေသီတွေဟာ AI နည်းပညာနဲ့ fMRI ဦးနှောက်စကင်ဖတ်စက်တွေကို အသုံးပြုပြီး လူတစ်ယောက်ရဲ့ အိပ်မက်တွေကို မှတ်တမ်းတင်ကာ ရုပ်ရှင်တစ်ကားလို ပြန်လည်ပြသနိုင်မယ့် ဦးခေါင်းတပ် ကိရိယာ (headset) တစ်ခုကို အောင်မြင်စွာ တီထွင်လိုက်ပါပြီ။

a beautiful woman wearing futuristic headset dreaming on her bed and seeing things in the dream

ဒီစနစ်ဟာ ဘယ်လိုအလုပ်လုပ်သလဲဆိုရင် လူတစ်ယောက်က အိပ်မက်မက်နေတဲ့ REM (Rapid Eye Movement) အဆင့်မှာ ဦးနှောက်ကထုတ်လွှင့်နေတဲ့ အာရုံကြောအချက်ပြမှုတွေကို AI ကနေတစ်ဆင့် ခွဲခြမ်းစိတ်ဖြာပြီး အိပ်မက်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ ရုပ်ပုံတွေ၊ လှုပ်ရှားမှုတွေကို ဗီဒီယိုအဖြစ် ပြန်လည်တည်ဆောက်ပေးတာဖြစ်ပါတယ်။ ပြောရရင် သင့်ရဲ့ မသိစိတ်ကမ္ဘာထဲက မြင်ကွင်းတွေကို ရုပ်ရှင်ကြည့်နေရသလို ပြန်လည်ခံစားနိုင်တော့မှာပါ။

a beautiful woman wearing futuristic headset dreaming on her bed and seeing things in the dream

ဒီနည်းပညာဟာ အစောပိုင်းအဆင့်မှာပဲ ရှိနေသေးပေမယ့် အိပ်မက်ထဲက အခြေခံပုံရိပ်တွေ၊ မြင်ကွင်းတွေနဲ့ စိတ်ခံစားမှုတွေကို အောင်အောင်မြင်မြင် ဖမ်းယူပြသနိုင်နေပြီဖြစ်ပါတယ်။

ဒီတီထွင်မှုရဲ့ အကျိုးကျေးဇူးတွေကလည်း အံ့မခန်းပါပဲ။ သိပ္ပံပညာရှင်တွေက ဒီနည်းပညာဟာ စိတ်ဒဏ်ရာတွေ (trauma) ဖြစ်ပေါ်လာပုံ၊ မှတ်ဉာဏ်တွေ ဦးနှောက်ထဲမှာ သိမ်းဆည်းပုံတို့ကို နားလည်ဖို့အတွက် တံခါးသစ်တွေ ဖွင့်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင် ကိုယ်အိပ်မက်မက်နေမှန်းသိပြီး ထိန်းချုပ်နိုင်တဲ့ (lucid dreaming) လေ့ကျင့်ခန်းတွေအတွက်လည်း အထောက်အကူပြုလာနိုင်ပါတယ်။

သာမန်လူတွေအတွက်တော့ ဒီနည်းပညာသာ ပိုမိုကျယ်ပြန့်လာခဲ့ရင် ကိုယ်တိုင်မမှတ်မိတော့တဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို ပြန်ကြည့်ခွင့်ရတာ၊ ကိုယ့်ရဲ့စိတ်အတွင်းထဲမှာ ဖုံးကွယ်နေတဲ့ ကမ္ဘာတွေကို ပြန်လည်စူးစမ်းခွင့်ရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ စိတ်ရဲ့ဇာတ်ခုံပေါ်မှာ ကိုယ်တိုင်ပထမတန်းကနေ ဝင်ရောက်ကြည့်ရှုခွင့်ရသလိုပါပဲ။

Ref : Tech Times

The post သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကအတိုင်း သင့်အိပ်မက်တွေကို ပြန်ကြည့်လို့ရမယ့် နည်းပညာထွက်ပေါ်လာ appeared first on MyTech Myanmar.

Comments